Posts

စော်ကဲ

 အလုပ်မှ အငြိမ်းစားယူပြီး… စား/ဝတ်/နေရေး အဆင်မပြေသော… ဦးသောင်းခန့်သည်… မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် (စေတီ)တစ်ဆူတွင်… (လုံခြုံရေး)ဝန်ထမ်း အလုပ်ရရှိလေသည်။ လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်စဉ်… စိတ်တူ/ကိုယ်တူ ပြောဆိုမှု အဆင်ပြေသော လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရသလို… အထက်ဖါး/အောက်ဖိ… ဂုန်းဆင်းဘီးတပ်… နောက်ကျော(ဓါး) ဖြစ်ထိုးသည့်သူများနှင့်လည်း… တွေ့ဆုံခဲ့ရသည်။ ကြည်စရာ ကြည်ပြာလေးများဖြစ်သော… ချိုချို၊ ခက်မာနွေး၊ အေးသီတာသိမ့်တို့ဖြစ်လည်း… ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ထိုအလုပ်တွင်… ဦးသောင်းခန့် မမြဲခဲ့ချေ ။ အောက်ခြေဝန်ထမ်း အချင်းချင်း… ညီညွှတ်မျှတမှု မရှိသဖြင့်… (၄/၅)လ အကြာတွင်… ဦးသောင်းခန့် အလုပ်ထွက်လိုက်လေတော့သည်။ ဦးသောင်းခန့် လင်မယားတွင် ငိုစား/ရယ်စား… ရတနာလေးများ လည်း မရှိသည့်အတွက်… ရရှိသည့်… (ပင်စင်)လစာလေးဖြင့်… ဘဝကို အေးချမ်းစွာ ဖြတ်သန်းကြသည်။ များမကြာမီ… ဦးသောင်းခန့် အလုပ်လုပ်ခဲ့သည့်… စေတီတွင် ဘုရားပွဲတော် ကျင်းပလေသည်။ လင်မယားနှစ်ဦးတည်းသာ နေထိုင်သော… ဦးသောင်းခန့်၏ နေအိမ်တွင်… ဦးသောင်းခန့်တစ်ဦးတည်း… အထီးကျန်နေသည်။ ဦးသောင်းခန့်၏ ဇနီးဖြစ်သူသည်… ဇာတိကျေးရွာတွင်… အမွေကိစ္စ လုပ်ဆောင်စရာရှိသည့်အတွ

သူများနဲ့ညားတဲ့ ငါ့ရည်းစား

 ကျေးရွာဓလေ့ ပျော်မွေ့စရာ အလွန်ကောင်းတယ်။ ကျုပ်နာမည်က လင်းထင်ပါ။ ရွာအခေါ်အဝေါ်ကတော့ ငလင်းပေါ့။ ကျုပ်မှာမိဘတွေ မရှိတော့ဘူး။ ညီမတစ်ဝမ်းကွဲလေး တစ်ယောက်ပဲ ရှိတာ။ ကျုပ်မိဘတွေနဲ့ ကျုပ်ညီမဝမ်းကွဲလေး မိဘတွေက ခရီးသွားရင်း ကားမှောက်ပြီး ဆုံးပါးသွားကြတယ်ဗျာ။ ကျုပ်မှာ ငယ်ငယ်ကလေးတည်းက မိခြူးလေးရဲ့အဖေဆိုလည်းကျုပ် အမေဆိုလည်းကျုပ် ပေါ့ဗျာ။ ကျုပ်ကတော့ ရွာမှာ သူများခိုင်းရာအလုပ်ကို လုပ်နေရတဲ့သူပေါ့။ ကျုပ်က ကျောင်းမနေဘူး ဒါပေမယ့် ညီမလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တာ။ အဲဒီတော့ မိဘတွေပိုင်တဲ့ လယ်ငါးဧကကို မောင်နှမနှစ်ယောက် လုပ်ကိုင်ရင်း စီးပွားရှာရတာပေါ့။ သီးနှံအထွက်တိုးတဲ့ နှစ်တွေဆို ပျော်ရတာပေါ့ဗျာ။ မဟုတ်ရင် ကျုပ်မှာ ကြိုးစားရတယ် ပိုပြီးတော့လေ။ ဒီလိုနဲ့ နေလာခဲ့ကြတာ ညီမလေးလည်း ဆယ်တန်းအောင်လို့ မြို့မှာ တက္ကသိုလ် သွားတက်ရတော့ ကျုပ်မှာ နှစ်ဆကြိုးစားရတော့တာပဲ။ ဒီလိုနဲ့ ကျုပ်တို့ရွာရဲ့မျက်နှာဖုံး ဦးကြီးရဲ့ သမီးတော်ကို ကျုပ်စွဲလမ်းမိပါလေရော။ သူ့နာမည်က မေနှင်း တဲ့။ ကျုပ်မှာ မရမကလိုက်ရင်း ကာလကြာတော့ သူမဆီကနေ ချစ်တယ်ဆိုတဲ့ အဖြေလေးကို ရပါလေရော။ ချစ်သူဖြစ်ခါ စတော့ မိုးမမြင်လေမမြင်ပဲ ပျော်လိုက်ရတာလေ။ ကျုပ်က သိပ်ကောင